ဘယ်ကိစ္စမျိုးကိုလုပ်သည်ပဲဖြစ်ပါစေ...သင့်တင့်မျှတတဲ့အတိုင်းအတာ၊ အကန့်အသတ်ကိုကျော်လွန်ပြီးမလုပ်တာ အကောင်းဆုံးဖြစ်ပါတယ်။ "တန် ဆေး...လွန် ဘေး" ဆိုတဲ့ဆိုရိုးစကားကိုလည်း အားလုံးကြားဖူးနေကြမှာပါ။ Gambling ဆိုတာက တကယ့်ငွေသားအစစ်နဲ့ ကြေးတင်ကံစမ်းရတဲ့အလုပ်မျိုးဖြစ်လို့ စိတ်အပန်းဖြေကံစမ်းသဘောထက်လွန်ပြီး အသည်းအသန်လုပ်မိလာပြီဆိုရင် ပြဿနာမျိုးစုံနဲ့ရင်ဆိုင်လာရနိုင်တာကို အမြဲသတိရှိထားကြစေချင်ပါတယ်...။ ကိုယ့်အနေနဲ့ လောင်းကစားမှုကို အလွန်အကျူးပြုလုပ်မိနေပြီလား လို့ ဆန်းစစ်ကြည့်ချင်ရင် အောက်က မေးခွန်းလေးတွေတစ်ခုချင်းကို သေချာဖတ်ပြီး 'ဟုတ်တယ်' / 'မဟုတ်ဘူး' ရွေးချယ်ဖြေဆိုကြည့်လိုက်ပါ..
(၁) လောင်းကစားကြောင့် အလုပ်မသွားဖြစ်တော့ဘူးလား ကျောင်းမသွားဖြစ်တော့ဘူးလား?
(၂) ပျင်းရိခြင်း ဒါမှမဟုတ် အဆင်မပြေတဲ့ဘဝကယာယီလွတ်မြောက်မှုရဖို့ လောင်းကစားမှုကိုလုပ်ဖြစ်နေတာလား?
(၃) လောင်းကစားမှုအတွက် ငွေသုံးစွဲရတဲ့အခါ စိတ်ပျက်နေရပြီလား? ဒါမှမဟုတ် လောင်းကစားမှုလုပ်ချင်စိတ်ပဲ တဖွားဖွားဖြပေါ်နေပြီး ထပ်ခါထပ်ခါလုပ်ဖို့ တွေးမိနေပြီလား?
(၄) ပိုင်ဆိုင်ထားတဲ့ငွေကို တပြားတချပ်မှမကျန်တဲ့အထိ လောင်းကစားမှုလုပ်မိခဲ့ဖူးလား?
(၅) လောင်းကစားမှုအတွက် အသုံးပြုခဲ့ရတဲ့အချိန်နဲ့ငွေပမာဏတွေကို လူမသိအောင်ဖုံးကွယ်လိမ်ညာပြောဖူးခဲ့လား
(၆) ပြင်ပလူနေမှုဘဝမှာငြင်းခုံရန်ပွားရမှုတွေကို သည်းမခံနိုင်ဖြစ်လို့စိတ်ထွက်ပေါက်အဖြစ်နဲ့ လောင်းကစားမှုပြုလုပ်မိနေတာလား?
(၇) လောင်းကစားကြောင့် ငွေဒါမှမဟုတ် လောင်းကစားမှုလုပ်ရင်း ငြီးငွေ့လာဖူးလား?
(၈) သင့်မိသားစု၊ သူငယ်ချင်းတွေအပေါ် ဒါမှမဟုတ် သင့် ဝါသနာအိပ်မက်တွေအပေါ် လောင်းကစားမှုလောက် စိတ်ဝင်စားမှုမရှိေနေတာ့ဘူးလား?
(၉) လောင်းကစားမှုပြုပြီးရှုံးသွားတဲ့အခါ ဆုံးရှုံးသွားတဲ့ငွေကို ချက်ချင်းပြန်အနိုင်ရလိုစိတ်ပေါ်ခဲ့မိဖူးလား?
မေးခွန်းတွေအားလုံးကိုဖြေဆိုပြီးသွားတဲ့အခါ အဖြေတွေကို ပြန်လိုက်စစ်ကြည့်ပါ။ ''ဟုတ်တယ်' လို့ ဖြေခဲ့တာက 'မဟုတ်ပါ' လို့ဖြေခဲ့တာထက် အကြိမ်အရေအတွက်ပိုများနေပြီဆို ကိုယ့်မှာ လောင်းကစားမှုလွန်ကျူးတဲ့ပြဿနာ အသေအချာကိုရှိနေပြီလို့သာသိလိုက်ပါ။ အဲဒီအချိန်မှာ ဒီပြဿနာအတွက်အကြံပြုကူညီ ပံ့ပိုးဖြေရှင်းပေးနိုင်မယ့်သူတွေ၊ အဖွဲ့အစည်းတွေဆီ မြန်နိုင်သမျှမြန်မြန် ဆက်သွယ်အကူအညီရယူလိုက်ဖို့လိုတယ်ဆိုတာကို လုံးဝ မေ့မနေလိုက်ပါနဲ့....။